နာရီလေး

မင်္ဂလာပါဗျာ ဝေယံအိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

Sunday, September 30, 2012

မြန်မာနိုင်ငံတွင် ဘ၀ကြင်ဖေါ်ရှာသည့် website တစ်ခုပေါ်ထွန်းလာခဲ့

online  တွင် မန်ဘာဝင်အချင်းချင်း မိမိအလိုဆန္ဒရှိသော အိမ်ထောင်ဖက်ကို ရွေးချယ်၍ invite ပြုလုပ်ကာ အဆင်ပြေသည် နှင့်တစ်ပြိုင်နက် ပြင်ပ၌ တွေ့ဆုံလေ့လာမှုများ ပြုလုပ်နိုင်မည့် ဘ၀ကြင်ဖော် ၀က်ဆိုဒ် တစ်ခုကို မြန်မာနိုင်ငံတွင်လည်း ပြုလုပ်လွှင့်တင်နိုင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
        အွန်လိုင်းမှနေ၍ ဘ၀ကြင်ဖော်ရှာသော ကိစ္စရပ်များကို အနောက်တိုင်း နိုင်ငံများတွင် တွင်ကျယ်စွာသုံးနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၌မူ ယခုစနစ်မှာအဆင်ပြေရန်အချိန် ကြာမြင့်အုံးမည်ဖြစ်ကြောင်း သတင်းများလည်းကြားသိနေရသည်။ အဆိုပါ ၀က်ဆိုဒ်ကို တည်ထောင်ပြီး လပိုင်းအတွင်း၌  မန်ဘာဝင်ပေါင်း နှစ်ထောင်ကျော် ရှိနေပြီဖြစ်ပြီး ၀င်ရောက်ကြည့်ရှုသူအရေအတွက် စုစုပေါင်းမှာ နှစ်သိန်းနီးပါး ရှိလာခဲ့ပြီဖြစ်ကြောင်း လည်းသိရှိရသည်။ လက်ရှိအချိန်တွင် ၄င်းဝက်ဆိုဒ်သည် မြန်မာနိုင်ငံအတွင်း၌ ဘ၀ကြင်ဖော်ရှာပေးသော တစ်ခုတည်းသော ၀က်ဆိုဒ်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရပ်တည်နေလျှက်ရှိကာ တရားဝင် မှတ်ပုံတင်ထားသေးခြင်းမရှိကြောင်း သတင်းကြားသိရသည်။
             ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် မြန်မာပြည်တွင်း၌ မြှားနတ်မောင်ဟူသော ၀က်ဆိုဒ်တစ်ခု ပေါ်ထွန်းခဲ့သော်လည်း သုံးစွဲသူအရေအတွက် နည်းပါး၍ တဖြည်းဖြည်းနဲ့ ဖျက်သိမ်းပျောက်ကွယ် သွားခဲ့ရသည်။ ယခု ဘ၀ကြင်ဖေါ်ရှာ ၀က်ဆိုဒ်အသစ်ရဲ့ အမည်မှာ www.skylark-vivahaa.com ဖြစ်ကြောင်း သိရှိရသည်။
penang malaysia  သတင်းမှ ကြမ်းပိုးလေး ရေးသားတင်ပြသည်
                                                အိမ်မက်နန်းတော်မှပြန်လည်ကူးယူတင်ပြပေးပါသည်

No comments:

Post a Comment