နာရီလေး

မင်္ဂလာပါဗျာ ဝေယံအိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

Thursday, September 20, 2012

ငါ့အမောက............မောဖို့ခက်တဲ့အမော

ချိုသာတဲ့မင်းနုတ်ခမ်းက
ထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ
ငါရင်ထဲမှာ ကမ်းခြေကို ကြည်စယ်နေတဲ့
လှိုင်းလုံးလေးတွေလို့
တငြိမ့်ငြိမ့် လှုပ်ခတ်စေတယ်
ချိုသာတဲ့ မင်းရယ်သံလေးတွေက
မေ့ပျောက်လို့မရနိုင်အောင်ကို
နှလုံးသားကို ဆုပ်ကိုင်ပိုင်စိုးထားတယ်
ကောင်မလေးရယ်…….
မျှော်လင့်ခြင်းကမ်းခြေမှာ
ကြည်စယ်နေတဲ့ လှိုင်းလုံးတွေက
အိပ်မက်တွေနဲ့ အတူ အနားကွပ်ထားတယ်
သတိတရဖြစ်နေတတ်တဲ့မင်းရဲ့
ပြုံးလဲ့တဲ့ နုတ်ခမ်းတစ်စုံက
ငါ့ရဲ့နှလုံးသားကို နိုးဆွလို့နေတယ်
ကမ်းခြေရဲ့ အနီးအနားမှာလဲ
မုန်တိုင်းရဲ့အရိပ်အရောင်ကို
မတွေ့ရပါဘူး
လှိုင်းလဲမကြမ်းခဲ့ပါဘူး
အချစ်လေးနားကို
မရောက်နိုင်ယုံ သက်သက်ဖြစ်နေတာပါ
ငါမောနေတယ်……ချစ်လို့မောတဲ့အမော
ငါ့…..အမောက
မောဖို့ခက်နေတဲ့အမော
ပြောပြရမယ်ဆိုရင်တော့ငါ့အမောက
ငါ့ ဘ၀ရဲ့မောဖို့ အခက်ဆုံးအမောဖြစ်နေတာပါဘဲ…………
                                                            ဝေယံ............................................ ကဗျာ

No comments:

Post a Comment